Facebook ရဲ့ lookback လေးမြင်တော့မှ အရင်အချိန်တွေအကြောင်းကို ပြန်တွေးမိသေးတယ်။ ဘဝမှာ အချိန်အများဆုံးပေးခဲ့တာ ဆိုလို့ game တွေနဲ့ anime ပဲရှိတယ်။ အဲ့ဒီအတွက် အလဟဿအချိန်တွေ ကုန်ခဲ့တယ်လို့တော့ မြင်ကို မမြင်တာ။

ပထမဆုံး profile pic ကို ပြန်ကြည့်တော့မှ ကိုယ်အဲ့တုန်းက Naruto ဘယ်လောက်ကြည့်ပြီး ရူးသွပ်ခဲ့သလဲဆိုတာကို ပြန်တွေးမိတယ်။ စင်္ကာပူရောက်သွားတဲ့ သူငယ်ချင်းကို အပူကပ်ပြီး itachi ရဲ့ Akatsuki လက်စွပ်လေးကို မှာရတာလည်း အမော။ အဲ့တုန်းက မြန်မာနိုင်ငံမှာ အဲ့လက်စွပ်ရှိတာဆိုလို့ ကျွန်တော်နဲ့ Morris နှစ်ယောက်ပဲ ရှိလောက်မယ် (ငကြွားများ)။ လက်နဲ့ အဆမတန်ကြီးနဲ့တဲ့ လက်စွပ်တွေကို ဂွမ်းစခံ၊ တစ်ရှုးစခံနဲ့ အလေးခံ၊ ဝတ်ခဲ့ကြတုန်းကများ လူမြင်ကပ်လောက်တယ်။ MNFS (Myanmar Naruto FanSite) ဆိုပြီး ning မှာလုပ်ခဲ့ဖူးပေမယ့် တစ်နှစ်လောက်ပဲကြာမယ်။ Ning က ပိုက်ဆံတွေလည်း တောင်းရော၊ ပိတ်သွားပါလေရော။

အဲ့တုန်းကများဆိုရင် Manga ကို Website ထဲမှာပါ ဖတ်လို့ရအောင်၊ Direct-Download လုပ်လို့ရအောင် လုပ်ထားခဲ့တာ၊ Reviews တွေကော၊ Fan arts တွေကော၊ အခုအချိန်ထိ ပြန်စဉ်းစားမိလိုက်တိုင်း နှမြောမိတယ်။ နောက်တော့ nstars မှာပြောင်းလုပ်တယ်။ လူဟောင်းတွေလည်း ပြန်စုမရ၊ လုံးဝ အစကနေ ပြန်လုပ်ရတာဆိုတော့ နောက်ဆုံး ဒီအတိုင်း ဘာမှဖြစ်မလာခဲ့တော့ဘူး။ ကြည့်ချင်သေးတယ်ဆိုရင် mnfs.nstars မှာ သွားကြည့်လို့ရသေးတယ်။

အခု Konoha အဖွဲ့လေးရဲ့ activities တွေကို ကြည့်ရင် အားရဖို့ကောင်းတယ်။ ကိုယ်တွေ ဖြစ်ချင်ခဲ့တာမျိုးကို မြင်ရတော့ စိတ်ချမ်းသားတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြောမနာ ဆိုမနာ ရင်းရင်းနှီးနှီးလည်း ရှိတယ်။ သူတို့တွေ event တွေလုပ်တိုင်း သွားချင်ပေမယ့် ကိုယ်မအားတာနဲ့ပဲ တိုက်နေတော့လည်း ခက်သား။