Android and Me

Mobile ကို လုပ်မယ်လုပ်မယ်နဲ့ စဉ်းစားထားတာ ပြီးခဲ့တဲ့နှစ်အလည်ပိုင်းလောက် ကတည်းကပဲ။ မအားချင်ယောင်ဆောင်နေတာနဲ့ ပြီးခဲ့တဲ့ အပတ်ကမှ စလုပ်ဖြစ်တော့တယ်။ iOS ကိုစိတ်ဝင်စားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် android ဘက်ကို ရောက်သွားတယ်။

စစခြင်းလေ့လာမယ်ဆိုတော့ ဘယ်ကစရမလဲမသိဘူး။ Guides တွေလိုက်ဖတ်၊ Tutorials တွေလျောက်ကြည့်ရင်းနဲ့ နောက်ဆုံး သဘောပေါက်သွားတာက အကောင်းဆုံးကတော့ Android Developers ပဲ။ စလုပ်တုန်းကတော့ Ubuntu မှာပဲ။ Android Studio နဲ့ စလုပ်ကြည့်တယ်။ ဒါပေမယ့်လည်း IDE သုံးနေကြမဟုတ်တဲ့သူမို့လို့လားတော့ မသိဘူး။ Linux ပေါ်မှာ IDE သုံးရတာကို သဘောမတွေ့တော့ဘူး။ အဲ့ဒါနဲ့ပဲ Windows ပေါ်ကို ပြန်ပြောင်းပြီး bundle ပြန်ဒေါင်းရင်းနဲ့ eclipse ပါလာတော့ အခု eclipse နဲ့ပဲ ဆက်လုပ်ဖြစ်နေတယ်။

Emulator သုံးရတာလေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် android device တစ်ခုလောက်တော့ အနည်းဆုံးရှိမှ သင့်တော်မယ်။ ဘယ်ဟာမဆို စလုပ်ကြည့်တုန်းကတော့ ဘယ်ကစရမှန်းမသိဖြစ်တာချည်းပဲ။ နောက်ပိုင်း အဆင်ပြေသွားတော့လည်း လုပ်ရတာပျော်လာရော။

Show Comments
Mastodon