Does Overwatch Worth to Buy?

Does Overwatch Worth to Buy?

FPS တွေ ကစားတိုင်း ငါးမိနစ်လောက်ကြာတာနဲ့ motion sickness ဖြစ်နေကြမို့ FPS Game ဆိုရင် ရှောင်ထားတာနှစ်နဲ့ ချီနေပြီ။ နောက်ဆုံးကစားဖြစ်ခဲ့တာက Counter Strike နဲ့ Left 4 Dead ထင်တယ်။ ကိုယ်ကစားနေတဲ့ Blizzard game တွေ အားလုံးက Mac support လုပ်ပေမယ့် Overwatch လည်းကျတော့ Mac ကလွဲလည်း ပြီး PC, PS4 နဲ့ Xbox အတွက် ထွက်လာမယ်တဲ့။ အစပိုင်းတုန်းကတော့ FPS ပဲဆိုတော့ ထွက်လည်း ဆော့ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပြီး နေလိုက်တယ်။

Tracer

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Beta Access စပေတော့ လူတော်တော်များများ စမ်းဆော့လာကြတယ်။ အဲ့ဒါနဲ့ မနေနိုင်မထိုင်နိုင် mac မှာမရပေမယ့်လည်း မရှိရှိတဲ့ windows စက်လေးမှာ စမ်းသွင်းကြည့်မယ်ဆိုပြီး စမ်းကြည့်လိုက်တယ်။ Graphic card ကောင်းကောင်း မဟုတ်တော့ Graphic Low နဲ့ပဲ ဆော့လို့ရတယ်။

Reaper

Blizzard fanboy ဖြစ်နေရတဲ့ အကြောင်းအရင်းတစ်ချက်က Blizzard အနေနဲ့ သူ့ရဲ့ Game တိုင်းမှာ Cinematic ကို အကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်။ Game ထဲ စဝင်လိုက်တာနဲ့ impression တော်တော်ကောင်းတယ်။ Game တိုင်းရဲ့ ထုံးစံအတိုင်း Tutorial နည်းနည်းပါမယ်၊ ဒါပေမယ့်လည်း အကြာကြီးမဟုတ်ဘူး။ ဆယ်မိနစ်လောက်နဲ့ ကစားတတ်သွားမယ်။

အဲ့လောက်တောင် လွယ်လားဆိုတော့၊ မလွယ်ဘူး။ ကိုယ်ကိုယ်တိုင်က FPS တွေ ဆော့နေကြမဟုတ်တော့ ဆော့ဖူးသလောက် FPS game တွေနဲ့ ယှဉ်ကြည့်ရင် တော်တော်လေး ကောင်းတာကိုတွေ့ရတယ်။ Graphic mode မှာ Low, Medium, High, Ultra, Epic ဆိုပြီးတောင်ရှိတယ်။ Epic အထိ ဆော့ဖူးတယ်၊ Graphic ကော Sound ပါ ဘာမှ အပြစ်ပြောစရာ မရှိဘူး။

Screenshot

Tutorial မှာ Solider: 76 နဲ့ စမ်းစဆော့ခိုင်းတော့ တခြား Heroes တွေလည်း အတူတူလောက်ပဲ ထင်တာ၊ တက်တက်စင်လွဲတာပဲ။ Heroes တိုင်းမှာ သူ့ unique abilities တွေရှိသလို သူနဲ့သက်ဆိုင်တဲ့ ကစားပုံလည်း ရှိတယ်။ Offense, Defense, Tank နဲ့ Support ပေါ့။ လောလောဆည် Beta အထိ Heroes 21 ကောင်ရှိသလို ကိုယ်အားသန်ရာ role ကစားနိုင်တယ်။ ဒါ့အပြင် တစ်ဖက်နဲ့ တစ်ဖက် သက်မှတ်ချိန်အတွင်း kill များတာကိုဆော့ရမှာမဟုတ်ပဲ Game Map တွေအများကြီးရှိတဲ့အထဲမှ သူနဲ့ သက်ဆိုင်ရင် game objectives တွေကို ဆော့ရမှာဖြစ်တယ်။ အဲ့တော့ ကိုယ်က ဘယ်လောက် kill ပဲများများ game objective မရရင် ရှုံးမှာပဲ။ အကြိုက်ဆုံးတစ်ခုက match ပြီးသွားရင် Player of the Match ဆိုပြီး အဲ့ထဲကအကောင်းဆုံး Shots နဲ့ player ကိုပြတာပဲ။ ပြီးတော့ ကိုယ့်ရဲ့ စွမ်းဆောင်ချက်ပေါ်မူတည်ပြီး exp လည်းရတယ်။ အဲ့တော့ healer ဆော့လို့ kill မရလည်း healing done များရင် ကိုယ့်အတွက် စိတ်ပူစရာမလိုတော့ဘူး။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ heroes တွေကိုင်ဆော့တာထက် Team မှာလိုအပ်တာကို ဆော့မယ်ဆိုရင် နိုင်ဖို့ ပို chance များတယ်။ ပုံမှန်အားဖြင့် team တစ်ခုမှာ Defense, Offense, Offense, Builder, Sniper, Healer ဆော့တာများတယ်။ Objective အပေါ်လည်း မူတည်သေးတာပေါ့။ ဆော့နေရင်းနဲ့လည်း base ထဲမှာဆိုရင် Heroes တွေ ပြောင်းပြောင်း ဆော့ကြည့်လို့လည်း ရသေးတယ်။

FPS လုံးဝ မကြိုက်တဲ့ ကျွန်တော့်လိုလူတောင် ဘယ်လောက်ဆော့ဆော့ Motion sickness မဖြစ်တာတော့ တော်တော်လေးကြိုက်တယ်။ ကိုယ်က FPS game တွေ စိတ်ဝင်စားပေမယ့် motion sickness ကြောင့် မဆော့ဖြစ်တော့တဲ့ သူတွေရှိရင်တော့ Overwatch က ဆော့သင့်တဲ့ Game တစ်ခုပဲ။ တစ်ခုရှိတာက PC မှာဆော့နေတဲ့ သူငယ်ချင်းနဲ့ PS4 မှာဆော့နေတဲ့သူနဲ့ အတူတူဆော့လို့ရမှာမဟုတ်ဘူး။ PC သမားတွေက FPS မှာ ပိုပြီး အားသာတဲ့ အချက်ကြောင့်ပါတဲ့။ May 9 မှာပဲ Beta ပိတ်သွားပြီး။ ဒါပေမယ့် နောက်နှစ်ပတ်အကြာ May 24, 2016 မှာ Official Release လုပ်ပါလိမ့်မယ်။

https://playoverwatch.com/

Show Comments
Mastodon