Fear, and Loathing in Las Vegas

Emo လို့ပဲပြောရမလား? Metalcore လို့ပဲ ပြောရမလား? JRock လို့ပဲ သတ်မှတ်ရမလား? SCANDAL ပြီးရင် တော်တော်လေး ကြိုက်မိတဲ့ Japanese band တစ်ခုရှိတယ်။ Fear, and Loathing in Las Vegas တဲ့။ နာမည်ကတော့ တစ်ချို့တွေ ကြားဖူးကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ 1998 ခုနှစ်လောက်က အဲ့ဒီ Fear and Loathing in Las Vegas ဆိုတဲ့ နာမည်နဲ့ Johnny Depps ရဲ့ ရုပ်ရှင်တကား ထွက်ထားခဲ့ဖူးလို့ပဲ။ ဒီ band ကိုတော့ 2008 ခုနှစ်ကမှ ဖွဲ့စည်းထားတာဆိုတော့ ဆယ်နှစ်လောက်တော့ ကွာတယ်။

Band Logo

စဖွဲ့တည်းကတော့ Ending for a Start and Blank Time လို့အမည်ရတဲ့ band အဖွဲ့ဝင်ဟောင်းတွေနဲ့ပေါ့။ Minami, sxun, Taiki, Tomonori နဲ့ Ma$hu တို့ပေါ့။ 2009 ရောက်တော့ So ရောက်လာပြီး အဖွဲ့ဝင် ခြောက်ယောက် ဖြစ်သွားတာ။ ဒါပေမယ့် ပြီးခဲ့တဲ့ 2013 နှစ်ကုန်ပိုင်းလောက်ကမှ Ma$hu ထွက်သွားပြီး သူ့နေရာမှာ Kei ဆိုတဲ့တစ်ယောက် အစားထိုးဝင်လာခဲ့တာ။ Kei ရောက်လာပြီးမှ ထွက်တာဆိုလို့ ဒီနှစ် January ကမှ အသစ်ထွက်ထားတဲ့ Rave-up Tonight [album] တစ်ခုပဲ ရှိသေးတယ်။

Hunter x Hunter reboot ရဲ့ ending ဖြစ်တဲ့ Just Awake ကို နားထောင်မိပြီးကတည်းက FALILV ကို ကြိုက်သွားတာပဲ။ တစ်ခါထဲနဲ့ ပေါက်တယ်ဆိုတာ ဒါမျိုးပြောတာဖြစ်မယ်။ Scorching Epochal Sensation ကို နားထောင်ကြည့်မယ်ဆိုရင် So မရောက်ခင်က FALILV ကိုတွေ့ရလိမ့်မယ်။ Vocal အနေနဲ့ sxun က တစ်ချက်ချက် ဝင်ဝင်ဆိုထားတာပဲ ရှိတယ်။ ကျန်တာအားလုံး Minami ရဲ့ screams တွေကြီးပဲ။

Band member ထဲမှာ အကြိုက်ဆုံးဆိုရင်တော့ Keisuke ~ Minami ပေါ့။ Crossover သီချင်းကြောင်းဖြစ်မယ်။ အဲ့ဒီသီချင်းကို Album မထွက်ခင်ကတည်းက sample track အနေနဲ့ Otaku Heaven မှာ member တစ်ယောက်က ကောင်းတယ် နားထောင်ကြည့်ဆိုရာကနေ သြော်.. သူတို့ပါလား ဆိုပြီးတော့ ကျန်တဲ့ သီချင်းအားလုံးကို follow လုပ်မိရက်သား ဖြစ်သွားတာ။

Single album အဟောင်းတွေ ပြန်ရှာမယ်ဆိုရင်တော့ ခက်လိမ့်မယ်။ PV တော်တော်များများကတော့ Youtube မှာရှိတယ်။ ဒါပေမယ့် Tacklist တွေနဲ့ PV တွေကို တစ်ခုထဲ အဆင်ပြေပြေ သိချင်ရင်တော့ JPA က အကောင်းဆုံးပဲ။ ကောင်းတဲ့သီချင်း Recommend ပေးရမယ်ဆိုရင် နောက်ဆုံး ထွက်ထားတဲ့ album ကနေ ပဲစပြောရမယ်။

  • Rave-up Tonight
  • The Courage to Take Action
  • Just Awake
  • Ley-Line
  • Crossover

Just Awake က English နဲ့ Japanese version ဆိုပြီး နှစ်မျိုးရှိတယ်။ အစပိုင်းကတော့ Eng ver ကို ပိုကြိုက်ပေမယ့် နားထောင်ပါများတော့ jap ver ကို ပိုပြီးတော့ နှစ်သက်မိတယ်။ တစ်ချို့ သီချင်းတွေဆိုရင် Remix တွေရှိတယ်။ အကြိုက်ကတော့ တစ်ခုနဲ့ တစ်ခုမတူကြဘူး။

Show Comments
Mastodon