First Few Hours with Fate/EXTELLA LINK

First Few Hours with Fate/EXTELLA LINK

ဂိမ်းထွက်မယ်ဆိုတာကို မနှစ်ကြေငြာပြီးကတည်းက စောင့်နေခဲ့တာ မနေ့ကတော့ လက်ထဲကိုရောက်လာခဲ့ပြီ။ ကိုယ်အမြဲဝယ်နေတဲ့ amiami ကပဲ pre-order ခဲ့တယ်။ အဓိကကတော့ amiami exlusive ဖြစ်တဲ့ Scathach Slim wall scroll လေးလိုချင်တဲ့အပြင် PS4 pre-order bonus ဖြစ်တဲ့ Scathach costume "Makyou no Sergeant" လိုချင်လို့လဲပါတယ်။ Limited Edition မှာ PS4 ဂိမ်းခွေပါတယ်၊ Original Soundtrack တစ်ခွေပါတယ်။ ပြီးတော့ အရမ်းချစ်ဖို့ကောင်းတဲ့ mahjong set တစ်ခုလဲပါတယ်။ အဲ့ဒါတော့ နောက်သူငယ်ချင်းတွေနဲ့ဆုံဖြစ်မှပဲ ဆော့တော့မယ်။

ပထမဆုံးပြောချင်တာက Game graphic ပဲ။ အရင် Fate/EXTELLA နဲ့ဘာမှမဆိုင်တော့သလိုအောင် သိသိသာသာ ပြောင်းလဲထားတယ်။ Animation ပိုင်းမှာ အရင်တုန်းကလိုမျိုး သက်မဲ့ဇာတ်ကောင်တစ်ကောင် ဝူးဝါးဝူးဝါး ခုတ်နေသလိုမျိုးမဟုတ်ပဲ character motion တွေကို အလေးပေးလုပ်ထားတာကို တွေ့ရတယ်။ ဒါ့အပြင် အရင်လိုမျိုး ဇာတ်လမ်းပြီးသွားတော့မှ side character ဆော့လို့ရတာမျိုးမဟုတ်ပဲ ဆော့နေရင်းနဲ့လည်း unlock ဖြစ်သွားတဲ့ ဇာတ်ကောင်တွေကို ရွေးချယ်ဆော့လို့ရတယ်။ ပြီးတော့ အသစ်ထည့်ပေးလိုက်တဲ့ unique special attack တွေအပြင် ကိုယ့်ဘက်က NPC တွေကလည်း ကိုယ်နဲ့အတူတူ ဝိုင်းချပေးမှာပါ။ အတူတူဝိုင်းပြီးတော့ combo လုပ်တာ၊ တခြား action ဂိမ်းတွေထဲကလိုမျိုး ပြထားတဲ့ ခလုတ်ကို တောက်လျှောက်နှိပ်ရတာမျိုးတွေပါလာတယ်။ လျှောက်ရမ်းပြီးတော့ NP ဖြည့် ဝုန်းဒိုင်းကြီးပဲ လုပ်နေရတာမျိုးမဟုတ်တော့ စိတ်ဝင်စားဖို့တော့ကောင်းတယ်။

servants

EXTELLA အရင် servant 16 ယောက်အပြင်မှာမှ Charlemagne, Francis Drake, Astolfo, Scáthach, Robin Hood, Arjuna, Darius III, Gilles de Rais, Lancelot နဲ့ Karl der Große တို့တွေ အသစ်ပါဝင်လာတယ်။ NP animation တွေအသစ်ပါဝင်လာသလို၊ ရှိပြီးသား NP တွေကိုလည်း rework ပြန်လုပ်ထားတော့ NP animation ကြီးပဲ ထိုင်ကြည့်နေချင်မိတယ်။

ဒါကတော့ အကြိုက်ဆုံး Noble Phantasm ပဲ။ Fate/Grand Order မှာလိုမျိုး Scathach ကို Gae Bolg Alternative လာမယ်ထင်ထားတာ၊ ဒီဂိမ်းထဲမှာ နောက် Noble Phantasm တစ်ခုဖြစ်တဲ့ Gate of Skye ကိုထည့်ပေးသွားတယ်။ FGO မှာ အသစ်လာမယ့် Scathach (လို့ထင်ရတဲ့) caster မှာ ဒီ NP  ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြတယ်။

အားမရတာကတော့ အရင်လိုမျိုး အမြန်သွားလို့မရတော့ပဲ သွားချင်ရင် R2 ကို တစ်ချက်တစ်ချက် နှိပ်နှိပ်နေရတာပဲ။ မှတ်မိသလောက် အရင်ဂိမ်းတုန်းက R1 ကို ဖိထားရင်လားမသိဘူး တောက်လျှောက်မြန်မြန်သွားလို့ရတယ်။ အခုက R1 ကို special attack တွေသုံးဖို့ key combination လုပ်ထားတော့ အရင်တုန်းက ဆော့နေကြလိုမျိုး အကျင့်ပါပြီး R1 သွားသွားနှိပ်မိပြီးတော့ ကိုယ့်အကောင်က မသွားဘူး မသွားဘူးနဲ့ ခဏခဏဖြစ်တယ်။ နည်းနည်းဆော့တာ အကျင့်ပါသွားရင်တော့ အဆင်ပြေသွားမယ်ထင်တာပဲ။ Character camera angle တွေလည်း သိပ်ပြီးတော့ အားမရဘူး။

အဓိက စိတ်ဝင်စားမိတာက multiplayer online 4v4 ပဲ။ ပြီးခဲ့တဲ့ ဂိမ်းတွေမှာတုန်းက ဇာတ်လမ်းကြီးပြီးသွားလို့ မဆော့ဖြစ်တော့ပဲ ပစ်ထားလိုက်တာမျိုးဖြစ်တော့မှာ မဟုတ်ပဲ သူငယ်ချင်းတွေနဲ့အတူတူ ကိုယ်ကြိုက်နှစ်သက်တဲ့ servant ကို ကိုယ်ကြိုက်နှစ်သက်တဲ့ special abilities တွေကို ရွေးချယ်ပြီး ကြိုက်နှစ်သက်ရာ gem တွေကို ရွေးချယ် equip နိုင်တယ်။ Online Multiplayer မှာ Servant တွေက story lock လုပ်ထားတာမဟုတ်တဲ့အတွက် အကယ်လို့ ကိုယ်က အခုမှ စဆော့တာဆိုရင်တော့ ဂိမ်းထဲမှာ ပါတဲ့ servant တွေ အကုန်လုံးကို ရွေးပြီးတော့ ဆော့လို့ရတယ်။ ဒီတစ်ချက်ကတော့ တော်တော်လေးအားရတယ်။

လောလောဆည်တော့ JAPAN version ပဲထွက်ထားပြီး XSEED Games ကတော့ 2019 Winter မှာ NA version ထွက်ရှိလာမယ်လို့ ကြေငြာထားတဲ့အတွက် အားရစရာပါပဲ။ အရင် EXTELLA တုန်းကလို steam မှာဖြစ်ဖြစ် switch မှာဖြစ်ဖြစ် NA ပြန်ထွက်ရင် ထပ်ဝယ်ဆော့အုံးမယ်။ ဂိမ်း play သိချင်တဲ့ သူတွေအနေနဲ့ကတော့ ဂိမ်းမထွက်ခင်က ထွက်ရှိလာတဲ့ 15 min gameplay video ကို ကြည့်ကြည့်လိုက်ပါ။ ကြိုက်ကြမှာပါ။

Show Comments
Mastodon