My Life in Divine Fury

My Life in Divine Fury

Private server တွေမှာ World of Warcraft ကို ဆော့လာခဲ့တာ နှစ်အနည်းငယ်ကြာပြီဆိုပေမယ့် Bug တွေနဲ့ကြောင့် တစ်ခါတစ်ခါ Blizzard server မှာ ဆော့ဖူးချင်ခဲ့တယ်။
ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက game ဝယ်ဖို့နဲ့ payment ပေးဖို့တွေကို ဘယ်လိုလုပ်ရမလဲမသိခဲ့တော့ ဒီလိုနဲ့ပဲ နေခဲ့မိတယ်။ တစ်နေ့ Shiro နဲ့ စကားပြောရင်းနဲ့ သူ့ရဲ့ Blizzared WoW အကောင့်ကို ဖွင့်ပြပြီး interface အသစ်တွေ skills အသစ်တွေ animation အသစ်တွေပြတော့ WotLK မှာပဲ နှစ်တွေချီပြီးဆော့ခဲ့တဲ့ ဒီကောင်က စိတ်မထိန်းနိုင်တော့ဘူးပေါ့။ အဲ့လိုနဲ့ပဲ ကျွန်တော်ရယ်၊ Brang ရယ်၊ Kami ရယ် သုံးယောက် အတူတူ Blizzard မှာဆော့ကြမယ်ကွာ ဆိုပြီးတော့ ဆော့ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့တွေ Divine Fury ကို ရောက်ခဲ့ကြတယ်။

အဲ့တုန်းကတော့ Guild က Blackrock realm မှာပဲ ရှိနေသေးတယ်။ အဲ့တုန်းက Guild မှာ Healer လိုနေတယ်ဆိုတာနဲ့ Priest ပဲဆော့ဖြစ်ခဲ့တယ်။ Paladin ဆော့ချင်ခဲ့ပေမယ့် WoltK မှာတုန်းက Priest ကို နောက်ဆုံးဆော့ခဲ့တဲ့အပြင် တော်တော်လေး ကြိုက်တဲ့ Class လည်းဖြစ်တော့ အဲ့ဒါပဲ ဆော့မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တာပေါ့။ ထုံးစံအတိုင်းပေါ့ level 90 ရောက်ဖို့အတွက် recruit bonus နဲ့တင်တာ questline တော်တော်များများကို မပြီးပဲ level တက်ရင် zone ပြောင်းရင်းနဲ့ပဲ 90 ကို ရက်အနည်းငယ်နဲ့ ရောက်ခဲ့တယ်။ ရောက်တာနဲ့ Guild ထဲကလူတွေက ကိုယ်တွေကို Timeless Isle ကို ခေါ်သွားပြီး Gear farm ပေးတယ်ပေါ့။ အဲ့တုန်းကတော့ stats တွေဘာတွေလည်း သေချာနားမလည်သေးဘူး။ Item level များရင် ပြီးရောဆိုပြီး ဝတ်တာ။ အဲ့ဒီမှာ ပြဿနာက စတာပဲ။ တကယ်တမ်း dungeon တွေ raid တွေမှာ heal တော့ တော်တော်လေးကို အဆင်မပြေဖြစ်ခဲ့တယ်။ ဒါ့အပြင် အဲ့တုန်းက spell တွေကိုလည်း စာသေချာမဖတ်တော့ Flash Heal ကြီးပဲ ထိုင် heal တာ boss hp က 80% မရောက်သေးဘူး mana က 0 ကိုက်နေပြီ။ နောက်ဆုံး Guild ထဲမှ Flash Healer လို့နာမည် ရသွားတဲ့အထိပဲ။ အဲ့ကတည်းက စပြီးတော့ spell တွေကို သေချာဖတ်ဖြစ်ခဲ့တာ အခုအထိပဲ။

MOP အကုန်လောက်မှာ အလုပ်ကိစ္စတွေအပြင် စင်္ကာပူကို ထွက်ဖို့ လုပ်နေတော့ WOD ထွက်ပြီး Highmaul raid ကြီးပြီးတော့မှပဲ ဆော့ဖြစ်တော့တယ်။ အဲ့တုန်းကမှ Oceanic realm တွေ စပေါ်လာတော့ ping ပိုကောင်းအောင်ဆိုပြီး guild တစ်ခုလုံး Oceanic realm တစ်ခုဖြစ်တဲ့ Barthilas ကို ရောက်လာခဲ့တယ်။ Guild name လည်း The Will of D Fury ဆိုပြီးဖြစ်သွားခဲ့တယ်။ Highmaul အပြီးမှာ လူတော်တော်များများ WoW quit သွားခဲ့ကြတော့ ကျွန်တော် ပြန်လာတဲ့အချိန်မှာ Guild ထဲမှာ တကယ်တမ်းဆော့နေတဲ့သူက ကိုယ့်အပါအဝင် လေးငါးယောက်လောက်ပဲ ကျန်မယ်။ အရင်လိုမျိုး ကိုယ့်ကို carry ပေးမယ့်လူတွေလည်း မရှိတော့ ကိုယ့်ဟာကို pug group တွေနဲ့ပဲ gear farm တယ်၊ dungeon ဝင်တယ်၊ နောက်ဆုံး AoTC အထိပါ pug group တွေနဲ့ သွားခဲ့တယ်။ wipe ခဲ့တယ် သောက်သောက်လဲတွေ။ တကယ်ကောင်းတဲ့ group တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ မှတ်မှတ်ရရ HFC raid မှာ guild ထဲမှာ လူတွေ နည်းနည်း active ဖြစ်လာခဲ့တယ်။ အဲ့ဒါနဲ့ပဲ Guild raid လေးပြန်လုပ်မယ်ဆိုပြီး ရှိတဲ့သူလေးတွေနဲ့ ဖြစ်အောင် လုပ်ခဲ့တယ်။ လူမလောက်တဲ့အချိန်မှာ pug တွေပါခေါ်ပြီး ရသလောက် ဖြစ်အောင် လုပ်ခဲ့တယ်။ အဲ့တုန်းက မြန်မာမှာ အခုလိုမျိုး ISP တွေအများကြီးမရှိသေးတော့ သူတို့ latency ကောင်းတဲ့ အချိန်ပဲ raid ခဲ့ကြတယ်။ တစ်ခါတစ်ခါ ည ၁၂ မှစတယ်၊ တစ်ခါတစ်ခါ မနက် ၆နာရီစတယ်။ ဘာပဲ ပြောပြော Vent ထဲမှာ ပေါက်ကရတွေပြောပြီး ပျော်ခဲ့ရတယ်။

Legion ကတော့ လက်ရှိ Guild ရဲ့ အကောင်မြင်ဆုံး အချိန်အတိုင်းအတာ တစ်ခုလို့ပြောရမယ်။ Draenor ကြီးမှာ ပျင်းဖို့ကောင်းခဲ့သလောက် Legion ရဲ့ artifact တွေ၊ legendary တွေကြောင့် guild မှာဆော့တဲ့သူတော်တော်များခဲ့တယ်။ EN raid မှာ အဲ့လောက်ကြီး မများခဲ့ပေမယ့် ToV raid နှောင်းပိုင်းမှာ Guild Mythic group စပြီးလုပ်လို့ရလာတဲ့အထိ ကောင်းတဲ့လူ တော်တော်များများရှိခဲ့တယ်။ လူအရမ်းများတော့ ဘာပြဿနာဖြစ်လာလဲဆိုတော့ raider spot မပေးနိုင်တာ။ Mythic က လူအယောက် ၂၀ ပဲ သွားလို့ရတော့ အဲ့ထွက်ပိုသွားရင် ကျန်တဲ့သူတွေက အပြင်ထွက်ထိုင်နေခဲ့ရတယ်။ အဲ့ဒါနဲ့ပဲ တစ်ချို့ raid မလိုက်ရတော့လို့ မဆော့တော့တဲ့သူတွေ ရှိသလိုပဲ တစ်ချို့ guild တွေပြောင်းသွားတဲ့သူတွေလည်း ရှိတယ်။ တကယ်အားနာပေမယ့် guild ထဲမှာ ရှိခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်ကဆော့တဲ့ သူများတဲ့အတွက် Ping များတာ၊ မီးပျက်တာ တွေအပြင် နောက်ပိုင်း EDM ပွဲတွေကလည်း နာမည်ကြီးလာတော့ ရှိနေတဲ့ အယောက် ၂၀ မှာ ထင်သလောက် ခရီးမပေါက်ခဲ့ဘူး။

အခု Battle for Azeroth လည်းရောက်ကော အရင်လို legendary တွေကို farm ဖို့မလိုတော့ weekly m+ key လေးတွေပြီးရင် မဆော့ဖြစ်ကြတော့ဘူး။ Uldir mythic ကလည်း လူမရှိတော့ ထင်သလောက် ခရီးမပေါက်ပဲ 3/8M ပဲ ရပ်လိုက်ရပြီ။ ဘာပဲပြောပြော အရင်တုန်းက အတူတူ raid ခဲ့တဲ့ သူတွေကိုလည်း အရမ်းကျေးဇူးတင်တယ်။ ဒီလိုမျိုး game တစ်ခုမှာ ကိုယ်ပိုင်အချိန်တွေ ပေးပြီးတော့ စိတ်ကောလူပါ ထည့်ဖိုဆိုတာ အဲ့လောက်ကြီးလွယ်တာတော့ မဟုတ်ဘူး။ နောက်ပြီး အသက်တွေလည်း ကြီးလာကြာပြီဆိုတော့ ဒီအတွက်ကို အချိန်ပေးနိုင်ဖို့ကလည်း အရင်လိုမျိုး မလွယ်တော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လောက်ထိ ဆော့နေနိုင်အုံးမယ်ဆိုတာကို သေချာမပြောနိုင်ဘူး။ ဒါပေမယ့်လည်း Guild နဲ့အတူတူတော့ Cutting Edge achievement တော့အတူတူ ရပြီး အတူတူ အော်ဖူးချင်တယ်။ အတူတူထပ်ပြီး ရယ်မောချင်သေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် guild က ထွက်သွားတဲ့သူတွေို့လည်း ပြန်လာစေချင်တယ်။ ကိုယ်တွေနဲ့ အတူတူ raid ချင်လို့ realm ချိန်းခဲ့တဲ့သူတွေ faction ချိန်းခဲ့တဲ့သူတွေကိုလည်း အားနာတယ်။ ကျွန်တော်လည်း တခြားသူတွေလို နားချင်ပါတယ်။ ဒါပေမယ့်လည်း ဒီ group လေးက ပျက်သွားပြီဆိုရင် ပြန်လည်ပေါင်းစပ်ဖို့ဆိုတော့ နှစ်ဘယ်လောက်တောင် ထပ်စောင့်ရအုံးမှာလဲ။

Battle for Dazar'alor ပြီးရင် ကျွန်တော်ကိုယ်တိုင်ကော ဒီ guild မှာဆက်ရှိနေနိုင်ပါ့မလားဆိုတာ...

Show Comments
Mastodon