Shadow Priest in 7.15

Blizzard မှာဆော့လာခဲ့တဲ့ သက်တမ်းတစ်လျှောက် Guild ရဲ့လိုအပ်ချက်အတိုင်း healer role ပဲဆော့လာခဲ့တာ legion 7.1 အကုန်မှာ healer တွေများလာတော့ Shadow ဖက်ကို ပြောင်းဆော့ကြည့်ခဲ့တယ်။ Legion စထွက်ကတည်းက guild ထဲမှာ shadow priest တွေရှိခဲ့ပေမယ့် dps မထွက်တဲ့ ကိစ္စတွေကြောင့် healer ပဲဆော့တဲ့သူတွေရှိသလို လုံးလုံး မဆော့တော့တဲ့သူတွေလည်း ရှိလာတယ်။ အဲ့တော့ ကိုယ်လည်း ဆော့ကြည့်မယ်ပေါ့ဆိုပြီး Old God တွေလက်အောက် ကိုယ့်ကိုယ်ကို အပ်နှံခဲ့တယ်။

Shadow Priest

7.15 မတိုင်ခင် အထိကတော့ Shadow Priest တွေက လုံးဝကို ပြိုင်ဖက်မရှိတဲ့ specialisation လို့တောင် ပြောလို့ရတယ်။ Surrender to Madness ရဲ့ burn phase dps က သူ့နောက် 2nd dps ကိုတောင် အများကြီး ဖြတ်ထားနိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ခုရှိတာက S2M နဲ့ဆော့မယ်ဆိုရင် latency ကောင်းဖို့လိုတယ်၊ ပြီးတော့ stats အရမ်းစကားပြောတယ်။ အကယ်၍ Surrender ဖြစ်နေတဲ့အချိန် lag သွားတာတို့ stun ဖြစ်သွားတာတို့ဆိုရင် သေဖို့ သေချာပြီ။ အများစုက surrender ဆော့ဖို့ haste ကို သုံးကြပေမယ့် ကိုယ်ကတော့ crit နဲ့ပဲ ဆော့ဖြစ်ခဲ့တယ်။ ကိုယ့် playstyle နဲ့ ကိုယ်ပေါ့။

7.15 ထွက်လာတဲ့အချိန်မှာတော့ Shadow Priest ကို အကြီးအကျယ် ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်။ S2M ဆိုရင် ဆော့တဲ့သူမရှိသလောက်ကို ဖြစ်နေပြီ။ S2M ရဲ့ instanity generation rate ကို လျှော့ချလိုက်တော့ အရင်လိုမျိုး void torrent သုံးခုပြည့်အောင်၊ stack 100 ကျော်အောင် လုပ်ဖို့ဆိုတာ gear အပြင် rotation smooth ဖြစ်ဖို့ တော်တော်လေးကို လိုအပ်သွားပြီ။ အဲ့တော့ အားလုံးလိုလို Legacy of the Void ကိုပြန်ပြောင်းဆော့လာကြတယ်။

အစကတော့ void bolt က SW:P နဲ့ VT stack ကိုအရင်လို full duration ပြန်မဖြစ်တောပဲ 3 seconds ပဲ ထပ်ပေါင်းပေးတာဆိုတော့ မကောင်းတော့ဘူး ထင်ခဲ့ပေမယ့်၊ VB ထိတဲ့ target ရဲ့ 40 yards အတွင်းက ရှိသမျှ ရန်သူတွေရဲ့ SW:P နဲ့ VT duration တွေကို 3 seconds ပေါင်းပေးတယ်ဆိုတော့ Multi-dots aoe တော်တော်ကောင်းသွားတယ်။ အဲ့ဒါကိုမှ Nighthold 4 sets ရဲ့ 4 secs အတွင်း void bolt cooldown 100% လျှော့ချပေးတာနဲ့ဆိုရင် dots duration က 12 seconds ကို ချက်ချင်း stack လိုက်လို့ရတယ်။ 4 sets ရသွားရင်တော့ shadow priest ရဲ့ top dps က void bolt ဖြစ်လာရော။

7.15 မတိုင်မီက S2M ဆိုရင် haste, LotV ဆိုရင် crit တွေများအောင် လုပ်ခဲ့ပေမယ့်၊ အခုတော့ haste > mastery ဆိုရင်ရပြီ။ Haste ကတော့ 12k ရှိပြီဆိုရင် ကျန်တာတွေကို mastery အကုန်ထည့်လို့ရတယ်။ crit ကတော့ မသုံးသလောက်ပဲ။ ဒါပေမယ့် အရင်တုန်းက crit နဲ့ဆော့နေတဲ့သူတွေအတွက် stat ပြောင်းရတာခက်နေအုံးမယ်ဆိုရင်လည်း ပြဿနာ သိပ်တော့မရှိဘူး။ Tier 5 talents မှာ ကိုယ်က haste နဲ့ဆိုရင် San'layn၊ အကယ်၍ crit များနေတယ်ဆိုရင် Auspicious Spirits နဲ့ဆော့ရင် dps ကသိသိသာသာ ကွာမှာမဟုတ်ဘူး။ အကယ်လို့ 12k haste ရပြီး mastery နဲ့ဆော့မယ်ဆိုရင်တော့ San'layn က AS ထက်ပိုကောင်းတယ်။

Tier 6 talents ထဲက Misery နဲ့တော့ ထွက်ထွက်လာချင်းဆော့ကြည့်သေးတယ်။ မဆိုးဘူး။ AoE adds တွေကို ရှင်းမယ်ဆိုရင် တော်တော်လေး ကောင်းတဲ့ talent တစ်ခု။ ဒါပေမယ့် single targent burst မယ်ဆိုရင်တော့ Power Infusion အကောင်းဆုံးပဲ။ PI ကို multi aoe မှာလည်း သုံးလို့အဆင်ပြေပါတယ်။

လောလောဆည် multi target fights တွေမှာ top 3 dps ထဲပါအောင် အေးအေးဆေးဆေးလုပ်နိုင်ပေမယ့် single target bosses တွေမှာ သိပ်အားမရသေးဘူး။ Rotation ကတော့ ဆော့ရင်းဆော့ရင်းနဲ့ သိသွားသလို PoV gameplay တွေကြည့်ရင်လည်း မြင်လာတယ်။

Gear နဲ့ ပတ်သတ်ပြီးလို့ကတော့ AskMrRobot မှာ သွားကြည့်တာများတယ်။ ဒါပေမယ့် တစ်ခါတစ်ခါကျတော့ ကိုယ်စိတ်ကြိုက် item/gear/talent build က သူတို့ပြောတာ ထက်ပိုကောင်းရင်လဲ ကောင်းနေတတ်တယ်။ အဲ့တော့ ထုံးစံ အတိုင်း dummy သွားရိုက်ကြည့်နေတာ အကောင်းဆုံးပါပဲ။

Armory | WoWProgress

Show Comments
Mastodon