Shadow Priest for 7.2.5

Shadow Priest for 7.2.5

cover art by SerraArc

7.2.5 မှာ အဓိကပြောင်းလဲသွားတာကို ပြောပါဆိုရင်တော့ rotation ပဲ။ အရင်တုန်းက Mindbender ဆိုတာ လုံးဝ မယူသင့်တဲ့ talent ဆိုပေမယ့် အခု patch မှာ ရွေးချယ်သင့်တဲ့အထဲမှာ ပါလာပြီ။ အဓိကတော့ T20 Set effect တွေကြောင့်အပြင် အသစ်ပါလာတဲ့ artifact traits တွေကြောင့်ပဲ။

Priest T20 Shadow 2P Bonus Mind Flay damage increases the damage of your next Mind Blast by 3% and its Insanity generation by 1. Stacks up to 10 times.

Priest T20 Shadow 4P Bonus Insanity drains 10% slower (5% with Surrender to Madness) while in Voidform.

ပြောရမယ်ဆိုရင်တော့ အဓိက Insanity management ပိုင်းကို အသားပေးလာတာကိုတွေ့ရလိမ့်မယ်။ အဓိက Mindbender နဲ့ဆော့ခိုင်းရတဲ့အကြောင်းကတော့ Mindbender ရဲ့ Insanity generation ကို နှစ်ဆတိုးပေးလိုက်တဲ့အတွက် set piece bonus + new traits နဲ့ပေါင်းလိုက်ရင် voidform ထဲမှာ ပိုကြာကြာနေလို့ရသွားတာပဲ။

အကယ်လို့ ကိုယ့်မှာ T20 4 pieces မရှိသေးဘူးဆိုရင် Mindbender ကို Voidform stack 20 လောက်မှာ သုံးသင့်တယ်။ 4 pieces လုံးရှိတယ်ဆိုရင်တော့ 30 stacks မှာ သုံးတာ အကောင်းဆုံးပဲ။ ကိုယ့် rotation ဘယ်လောက်အဆင်ပြေသလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ voidform ထဲမှာ တစ်မိနစ်​ကျော်ကြာအောင် နေလို့ရတယ်။

Stats Weight

Haste (until 13k ~14k) > Critical Strike > Mastery > Versatility > Intellect

Crit နဲ့ Mastery က တကယ်တမ်းတော့ အတူတူပါပဲ။ ကိုယ်က Auspicious Spirits နဲ့ဆော့တယ်ဆိုရင် Crit priority ဒါမှမဟုတ် San'layn နဲ့ဆော့တယ်ဆိုရင် Mastery priority။ ဒါ့ကြောင့် ကိုယ်က 7.2.5 မတိုင်ခင်က Haste > Mastery အတွက် Gear တွေဆိုရင် ချက်ခြင်းကြီး Crit gear တွေ အသည်းအသန်လိုရှာနေစရာမလိုပါဘူး။ ကိုယ့် character က Mastery တွေအရမ်းများနေတယ်လို့ ထင်ရင် San'layn နဲ့ဆက်ဆော့လို့ရပါသေးတယ်။

Legendaries

သိပ်အများကြီးတော့ ရွေးစရာမရှိပါဘူး။ Sephuz ကတော့ အကောင်းဆုံးပဲ။ Proc သည်ဖြစ်ဖြစ် မဖြစ်ဖြစ် Shadow Priest တွေအတွက် stats အရကော အကောင်းဆုံးပဲ။ သူ့နောက်မှာကတော့ Mangaza's Madness ကို အသုံးများကြပေမယ့် multiple targets ဆိုရင် Heart of the Void နဲ့ Anund's Seared Shackles ကို ပိုပြီးတော့ သဘောကျမိတယ်။ Mythic+ တွေမှာ Misery နဲ့ဆော့မယ်ဆိုရင် Heart of the Void ရွေးချင်သင့်တယ်။

Trinkets

ToS မှာ DPS caster trinket တွေသိပ်များများစားစားရွေးစရာတော့ မရှိပါဘူး။ ကိုယ့် playstyle, stats အပေါ်မူတည်ပြီးတော့ ရွေးချယ်လို့ရတယ်။ Personal choice အရဆိုရင်တော့ Terror from Below ကို ရွေးချယ်တယ်။ Trinket နောက်တစ်ခုကတော့ Unstable Arcanocrystal ကို 860 ပဲရှိရင်တောင်မှ အသုံးပြုသင့်တယ်။

Talent build တွေအပြင် တခြားအသေးစိတ်ကိုတော့ မရေးတော့ဘူး။ Icy Veins, WoWHead နဲ့ HowtoPriest တို့မှာ သွားဖတ်ကြည့်လို့ရတယ်။ ဒါပေမယ့်လည်း စာတွေဘယ်လောက်ပဲဖတ်ဖတ် ကိုယ်နဲ့ အံဝင်ဂွင်ကျမဖြစ်ရင် အလကားပဲ။ အဲ့ဒီတော့ simcraft လေး run လိုက်၊ Dummy မှာ rotation တွေစမ်းလိုက်၊ Mythic+ တွေ Raids တွေမှာ သွားစမ်းကြည့်ရင်း ကြည့်ရင်နဲ့ပဲ အသားကြလာပါလိမ့်မယ်။

လောလောဆယ်တော့ Raidbots ကိုတော်တော်လေးကြိုက်မိတယ်။ အဓိကကတော့ gear upgrade အတွက် အရမ်းအသုံးဝင်တယ်။

Disclaimer: အပေါ်မှာရေးထားတာတွေအကုန်လုံးက လက်ရှိ 7.2.5 အတွက်သီးသန့်အပြင် မိမိစိတ်ကြိုက်ရွေးချယ်ထားတာတွေဖြစ်တဲ့အတွက် တခြား သူတွေရေးထားတာတွေနဲ့ ကွဲလွဲတာတွေရှိနိုင်ပါတယ်။

Show Comments
Mastodon