Why I've switched to Atom?

Myanmar Links မှာကတည်းက code editor အနေနဲ့ Sublime Text ကို သုံးလာတာ အခုဆိုရင် (၇)နှစ် လောက်တောင်ရှိပြီထင်တယ်။ ဒီကြားထဲ တခြား Editor အသစ်တွေအများကြီးထွက်လာခဲ့ပေမယ့် စမ်းသုံးကြည့်တယ်။ ဒါပေမယ့် ကိုယ်သုံးနေကြမဟုတ်တော့ သိပ်ပြီးတော့ အလုပ်မတွင်ဘူးထင်ပြီး နောက်ဆုံး Sublime Text ဘက်ကိုပဲ ပြန်လှည့်ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ တခြား တစ်ခုခုတော့ ရအောင် ပြောင်းသုံးမယ်ဆိုပြီးတော့ စိတ်လုံးလုံးချပြီးတော့ Atom ကို ပြောင်းသုံးလိုက်တယ်။

Atom ကို Github မှာ စပြီး Beta released ကတည်းက စမ်းသုံးဖူးတယ်။ ဒါပေမယ့်လည်း အဲ့တုန်းက v1.0 တောင်မဟုတ်သေးတော့ တကယ်တမ်း development အတွက် အလုပ်မတွင်ဘူးလို့ ခံစားရပြီး မသုံးဖြစ်တော့တာ။ Sublime Text နဲ့ ယှဉ်လိုက်ရင် သူ့ဟာက တော်တော်ကို အဆင်မပြေဖြစ်ခဲ့တာ။ တစ်ခါတစ်ခါ ဘာမှမသိပဲ ကောက်ကာငင်ကာ crash ဖြစ်ဖြစ်နေတော့ လုံးလုံးကို မသုံးဖြစ်တော့တာ။ ဘာ feature ကောင်းကောင်းမှလည်း မပါသေးတာလည်းပါတယ်။

(Image from https://www.omgubuntu.co.uk/2017/06/atom-editor-pulls-git-integration)

အဓိက အခုပြောင်းသုံးဖြစ်တာက သူ့ရဲ့ Git integration ကို ကြိုက်လို့။ Sublime Text မှာတုန်းက Terminal ကိုသွားပြီးတော့ git သွားသွားလုပ်နေရတယ်။ Atom မှာဆိုရင် ကိုယ်အလုပ်လုပ်နေရင်းနဲ့ တစ်ခါထဲ git ကိုပါအလုပ်လုပ်နိုင်တယ်။ Github repo တွေအသုံးပြုတဲ့သူတွေ အတွက်ကတော့ တော်တော်လေးကို အသုံးတည့်တယ်။ ကိုယ့် repo တွေက github မဟုတ်ပေမယ့်လည်း git လုပ်ရတာအရမ်းအဆင်ပြေတယ်။ Sublime မှာလည်း git သုံးချင်ရင် Gitsavvy သွင်းပြီး သုံးရင်ရပါတယ်။ ဒါပေမယ့် Atom မှာက default ပါလာပြီးသားဖြစ်သလို UI/UX ကို ပိုပြီးတော့ သဘောကျမိတယ်။

Show Comments
Mastodon