Migrating to Ghost v2

အရင်ဆုံး ghost cli ကို update လုပ်ခိုင်းပါလိမ့်မယ်။

npm i -g ghost-cli@latest

ရပြီးဆိုရင် ghost update လုပ်ပါ။ ကျွန်တော့်လိုမျိုး DigitalOcean ကနေ one-click install လုပ်ထားတဲ့သူတွေအနေနဲ့ အဲ့မှာ ပြဿနာ စ တတ်တာပဲ။ DigitalOcean က root user အနေနဲ့ install လုပ်ပေးလိုက်တော့ အခု latest cli မှာ regular account တစ်ခုလုပ်ခိုင်းပြီး root user ကနေ migrate အရင်လုပ်ခိုင်းတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်က link မှာ သေသေချာချာ ရှင်းပြထားတယ်။ သူပြောတဲ့အတိုင်း အဆင့်ဆင့်သာလုပ်သွားလိုက်၊ ပြီးတာနဲ့ ghost update လုပ်လို့ရပြီ။

A guide to getting your site updated to Ghost 2.0.0

ဒါပေမယ့် ကိုယ်လက်ရှိသုံးနေတဲ့ ghost version က v1 ရဲ့ latest version မဟုတ်ရင် v2 ကို migrate တန်း လုပ်လို့မရဘူး။ အဲ့တော့ ghost ကို latest v1 အထိ update လုပ်ဖို့လိုတယ်။

ghost update --v1

V1 အထိ update ဖြစ်သွားပြီဆိုရင် တော့ v2 ကို migrate လုပ်လို့ရ​ပြီ။

ghost update

မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာ သူ့ဟာသူ ပြီးသွားပါလိမ့်မယ်။

အဲ့ဒီအဆင့်တွေထဲမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေရှိတယ်။ Folder permission တွေ၊  ghost process stop လို့မရတာတွေ၊ start မရတာတွေ ဖြစ်နိုင်တယ်။ Permission အတွက်က ကိုယ်လက်ရှိသုံးနေတဲ့ user account က ရှိနေတဲ့ ghost folder တွေရဲ့ owner ဖြစ်ဖို့လိုတယ်။ Process stop မရတာဆိုရင် အောက်က အတိုင်း process kill လိုက်ပါ။

အရင်ဆုံး လက်ရှိ run နေတဲ့ process list ကိုထုတ်လိုက်ပါ.

ps -A

အဲ့ဒါမှာ ghost run ဆိုတဲ့ CMD ကိုရှာပါ၊ PID ကိုတွေ့ပါလိမ့်မယ်။ အဲ့ဒါကို kill လိုက်ပါ။

kill -9 PID

ပြန်စတဲ့အချိန်မှာလည်း အကယ်လို့ node process တစ်ခုက run နေလို့ ပြန်စမရဘူးဆိုရင် ဘယ် port မှာ ပြဿနာ တတ်နေလဲဆိုတာ ghost-cli မှာ ပြောလိမ့်မယ်။

sudo lsof -i :PORT

အဲ့မှာ run နေတာကို အပေါ်ကလိုပဲ PID kill လုပ်လိုက်ပါ။

kill -9 PID

ပြီးရင်တော့ ghost directory ထဲပြန်ဝင်ပြီး cli နဲ့ ghost start ဆိုရင် v2 ကို အားလုံး migrate လုပ်ပြီးသွားပါပြီ။ ပုံမှန်အတိုင်းဆိုင်ရင် ၁၀ မိနစ်တောင် မကြာပါဘူး။ beta ကတည်းက one-click install လုပ်ထားခဲ့တဲ့သူတွေမှာကတော့ ကျွန်တော့်လို ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

Show Comments
Mastodon