What things to do in Battle for Azeroth pre-patch?

What things to do in Battle for Azeroth pre-patch?

အခုဆိုရင် Legion expansion ပြီးသွားလို့ Battle for Azeroth pre-patch လည်းရောက်ပြီ။ Artifacts traits တွေမရှိတော့ပဲ အဲ့ဒီ့အစား တစ်ချို့ trait တွေကို spell/talent တွေအဖြစ်ပြန်သုံးထားတဲ့အတွက် တော်တော်များများတော့ ပြောင်းလဲမှုတွေရှိတယ်။

အရင်ဆုံး ဘာ လုပ်သင့်သလဲ

ဂိမ်းတစ်ခုကို​ ဆော့ပြီဆိုရင် အရေးကြီးဆုံးက UI ပဲ။ သင်က addons တွေသုံးရတာ ကြိုက်တဲ့သူဆိုရင် ကိုယ်သုံးနေတဲ့ addons တွေကို update လုပ်ပါ။ အခုအချိန်မှာ နာမည်ကြီး addons တော်တော်များများက pre-patch အတွက် update လုပ်ထားပြီးသားပါ။ Blizzard ရဲ့ default UI ကလည်း အရင်လိုမျိုး spell bar အရှည်ကြီးနဲ့ မလိုအပ်တာတွေမရှိတော့ပဲ အများစုသုံးနေကြတဲ့အတိုင်း spell bar ကို တို လိုက်ပြီး အိတ်တွေ နဲ့ character bar ကို တခြားကို ခွဲထုတ်လိုက်တယ်။ တော်တော်များများက အဲ့ဒါကို သဘောကျ နှစ်သက်ကြတယ်။ ကြည့်ရတာ ပိုရှင်းသွားတယ်လို့ မြင်ရတယ်။ ဒါပေမယ့် ကိုယ်က bartender, elvui သုံးတဲ့သူဆိုရင်တော့ သိပ်ပြီးတော့မထူးခြားဘူး။ ကိုယ်လက်ရှိသုံးနေတဲ့ UI ကိုပဲ addons update လုပ်ပြီး သုံးနိုင်တယ်။

ကိုယ် ဘယ် class ကိုဆော့မှာလဲ

နှစ်တွေအများကြီးချီနေတဲ့ ဒီဂိမ်းကြီးမှာ class တစ်ခုတည်းကို အကြာကြီးတောက်လျှောက်ဆော့တဲ့သူဆိုတာ နည်းပါတယ်။ အများအားဖြင့် ကိုယ်အကြာကြီး grind ထားတဲ့ reputation တွေ၊ character bound achievement တွေကြောင့် ဆက်ဆော့ဖြစ်နေတာပါ။ တစ်ခုထဲကို တောက်လျှောက်ဆော့လာတဲ့သူတွေအတွက် expansion အသစ်တိုင်း spell/talent ပြောင်းလဲတာတွေက လွယ်လွယ်နဲ့ ပြန်ပြီး အသားကြဖို့လွယ်ပေမယ့် ကိုယ်တစ်ခါမှ မဆော့ဖူးတဲ့ class ဆိုရင်တော့ တော်တော်များများကို ပြန်လုပ်ရမှာပါ။ Keybinding, Macro ကအစ၊ WeakAuras အဆုံး။ နောက်ပြီး ကိုယ့် rotation မှန်မမှန်ကလည်း ရှိသေးတယ်။ အဲ့ဒီတော့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ် ဆော့မယ့် class ကို သေသေချာချာ ဆုံးဖြတ်ပြီး အဲ့ဒီမှာမှ ဆော့ချင်တဲ့ class specialization ကို အဓိကထားလုပ်မယ်ဆိုရင် ခဏလေးနဲ့ အသားကျသွားနိုင်ပါတယ်။ အဓိကကတော့ mythic+, raid တွေသွားပေါ့။ အခု အချိန်ထိ class ရွေးလို့မပြီးသေးဘူးဆိုရင်တော့ BfA ဆော့နေရင်နဲ့တောင် ကိုယ်ဘာဆော့ရမလဲ ဖြစ်သွားနိုင်တယ်။

Guild ကောင်းကောင်းရှာပါ

MMORPG မှာ အရေးအကြီးဆုံးက ကိုယ့်အတွက် အဆင်ပြေမယ့် Guild ထဲမှာ အရေးပါတဲ့နေရာရနေဖို့ပဲ။ မြန်မာ player အများစု အတွက် အဓိက ပြဿနာက raid time ပဲ။ နိုင်ငံခြား guild တွေသွား join မယ်ဆိုရင် သူတို့ အချိန်နဲ့ ကိုယ့်အချိန် ဘယ်လိုမှညှိမရတာတွေရှိတယ်။ အဲ့ကျတော့ ကိုယ်က pug raid group တွေနဲ့လိုက်သွားရင်းနဲ့ ပျော်စရာမကောင်းတော့ပဲ game ကိုပါ quit တဲ့အချိန်တွေအထိ ဖြစ်လာနိုင်တယ်။ အဲ့ကျတော့ အချိန်ပေးဆော့ရတာချင်းတူတူ ကိုယ့်အတွက် စိတ်ကျေနပ်စေနိုင်မယ့် guild မျိုးကို ရှာပါ။
Guildmate တွေနဲ့ စကားများများပြောပါ။ တစ်ယောက် အကြောင်းတစ်ယောက် ပိုသိလာတဲ့အခါ ဂိမ်းဆော့ရတာ ပျော်ဖို့ ကောင်းလာပါမယ်။

ကိုယ့်အားကိုယ်ကိုးပါ

အများအားဖြင့် Blizzard server မှာဆော့တဲ့သူအများစုက လူလတ်ပိုင်း လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ များပါတယ်။ အဲ့ဒီတော့ သူတို့တွေအတွက် အလုပ်ဖွင့်ရက်မှာ ဂိမ်းဆော့ဖို့အချိန်က ညဖက် နာရီပိုင်းလောက်ပဲ ရှိတယ်။ အဲ့ဒီအချိန်လေးအတွက်မှာပဲ သူတို့ character အတွက် သူတို့ အချိန်ပေးရတဲ့အတွက် ကိုယ့်ကို ကူညီဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ်။ ပြီးတော့ အခုအချိန်က expansion အသစ်ဖြစ်တဲ့အတွက် အားလုံးအတူတူ leveling တွေ၊ questline တွေလုပ်ရမှာမို့ အားကြမှာ မဟုတ်ဘူး။ အဲ့တော့မှ ငါ့ကိုကျတော့ မကူညီဘူး၊ မာနကြီးတယ်ဆိုတာတွေလုပ်လာမယ်ဆိုရင် ဂိမ်းဆော့ရတာ ပျော်ဖို့မကောင်းတော့ပါဘူး။ မြန်မာ player အများစုမှာ ရှိတဲ့ပြဿနာက private server တွေမှာလို gear များတဲ့သူက ငါ့ကို ကူညီမှာပဲလို့ ထင်နေကြတတ်တယ်။ သင်လည်း ပိုက်ဆံပေးပြီးဆော့နေတာ သူတို့လည်း သူတို့ပိုက်ဆံပေးပြီး သူတို့ဆော့နေကြတာ။ အဲ့ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး မဆော့နိုင်ဘူးထင်ရင်တော့ MMO တွေမဆော့တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးပြောချင်တာက စာ ဖတ်ပါ။

Show Comments
Mastodon