Ghost v5

Ghost 3.0 နောက်ပိုင်း Covid နဲ့ Coup ဖြစ်နေတော့ ကိုယ်တိုင်လည်း blog ဖက်ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ အဲ့ဒါနဲ့ ပြီးခဲ့တဲ့ အပတ်ကမှ blog လေးဘာလေး ပြန်စစ်ကြည့်အုံးမယ်ဆိုတော့မှ Ghost က v5 အထိရောက်နေတယ်။ အဲ့ဒါနဲ့ cli လေးသုံးပြီး update လုပ်မယ်ပေါ့ ဆိုပြီး ghost update လုပ်တော့ error တွေ  တသီတသန်းကြီးပဲ။ 3.0 ကနေ v5 ကို တန်း update လုပ်မရဘူး။ အဲ့တော့ v5 ကို update လုပ်ချင်ရင် လက်ရှိ version ရဲ့ minor patch ကို အရင် update လုပ်မှရတယ်။

ပုံမှန်အားဖြင့် node ကို update လုပ်ရင် နောက်ဆုံး LTS version ကို  တိုက်ရိုက်သွင်းသွားကြတယ်။ အခုလက်ရှိ LTS က 16.x ပေါ့။ အဲ့ဒါနဲ့ node version အရင်မြှင့်ပြီးမှ ghost doctor ကြည့်လိုက်တော့ ghost v3 က node.js version ^10.13.0 || ^12.10.0 || ^14.15.0 တစ်ခုခုလိုတယ်ပေါ့။ အဲ့ဒါနဲ့  node version ကို ပြန်နှိမ့်ပြီးတော့မှ v3 ကို update လုပ်လို့ရတယ်။

Node version manager (nvm) သုံးတဲ့သူတွေအတွက်ကတော့ node configure ကို ghost service file ထဲသွားပြင်ပေးဖို့လိုမယ်။  လက်ရှိ node path ကို သိချင်ရင် which node နဲ့ကြည့်လို့ရတယ်။ Ghost service file ကတော့ /lib/systemd/system/ghost-xxxxx.service မှာပြင်လို့ရတယ်။

Ghost မှာလည်း သူရဲ့ version အလိုက် သွင်းချင်ရင် ghost update <version> ဆိုပြီးသွင်းနိုင်တယ်။ V3 minor သွင်းမှာဆိုတော့ ghost update v3 ပေါ့။ V3 ရပြီဆိုရင် latest stable build သွင်းဖို့က ghost update ဆိုရင်ရပြီ။

အကယ်လို့ ကိုယ်သုံးနေတဲ့ server ကအသေးလေး memory မလောက်တဲ့ error တက်နေတယ်ဆိုရင်တော့ ghost update --no-mem-check ဆိုပြီး memory check လုပ်တာကို ignore လုပ်ပြီး သွင်းလို့ရတယ်။

Show Comments
Mastodon