သူမနဲ့ ကျွန်တော်

သူမနဲ့ ကျွန်တော်

ကျွန်တော်သူမက ကျွန်တော့်အတွက် အိမ်မက်ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကျွန်တော့်ရဲ့ အိမ်မက်ပါပဲ။ ဒါပေမယ့် အခုအိမ်မက်တွေက သူမနဲ့ ကျွန်တော် အတူတူမက်ရတော့ အိမ်မက်တွေ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၂၁ ထဲမှာ ကျွန်တော် ရန်ကုန်ကို ပြန်သွားဖြစ်ခဲ့တယ်။ အိမ်မပြန်ဖြစ်တာ သုံးနှစ်နီးပါး ရှိနေတဲ့အပြင် မတူတော့တဲ့ ရန်ကုန်မှာဖြစ်နေတဲ့အတွက် စိုးရိမ်စိတ်တွေရှိခဲ့တယ်။ ဒါပေမယ့် သူမနဲ့တွေ့ရမယ်ဆိုတဲ့ စိတ်နဲ့ အရာရာကို ကျော်ဖြတ်နိုင်ခဲ့တယ်။

ပထမဆုံး ချိန်းတွေ့တဲ့ရက်က ရင်တွေအရမ်းခုန်ခဲ့တယ်။ နှစ်ယောက်လုံး အချိန်တော်တော်များများ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်း စကားတွေပြောနေမိတယ်။ တစ်ယောက်နဲ့တစ်ယောက် ပထမဆုံး တွေ့ကြတာဆိုတော့ ရှုက်ကိုးရှုက်ကန်းနဲ့တွေနဲ့ပေါ့။ သူမကို အိမ်ပြန်လိုက်ပို့ချိန်တုန်းက ထိခွင့်ရတဲ့ နှုတ်ခမ်းလေးတွေအကြောင်းကို စဉ်းစားကြည့်ရင် အခုထိ ရင်တွေခုန်နေတုန်းပဲ။

အိမ်ချင်းနီးတဲ့ကျွန်တော်တို့နှစ်ယောက် အမြဲလိုလိုတွေ့ဖြစ်ခဲ့ကြတယ်။  ကြောင်လေးတွေ အတူတူ မွေးဖြစ်ခဲ့ကြတယ်။ အခြေအနေတွေကြောင့် ခရီးဝေးမထွက်ဖြစ်ခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက် ပိုနားလည်ဖို့ အချိန်တွေ ပိုရခဲ့ကြတယ်။ အမြဲတမ်း လူကြီးတစ်ယောက်လို ဆုံးမတတ်တဲ့သူမက တစ်ခါတစ်ခါကျတော့လည်း ကလေးတစ်ယောက်လို ချွဲနေတတ်ပြန်ရော။

ဒီလိုနဲ့ ကျွန်တော်တို့ စေ့စပ်ကြောင်းလမ်းခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆ တွေဖြစ်ခဲ့ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်အောင်လုပ်ခဲ့ကြတယ်။ ကိုယ်ချစ်တဲ့သူထက် ဘယ်အရာမှအရေးပိုမကြီးဘူးလေ။

မေလ (၈) ရက် မှာ ထိမ်းမြားလက်ထပ်ခဲ့ကြတယ်။ သတို့သမီးဝတ်စုံလေးနဲ့ အရမ်းလှပနေတဲ့သူမကို မြင်ရတော့ အသက်ရှုတောင်မှားခဲ့ရတယ်။ ကျွန်တော်သိပ်ချစ်ရသောသူမ အဲ့ဒီနေ့မှာ အပျော်ရွှင်ဆုံး ကောင်မလေးဖြစ်နေပါတယ်။ အဲ့ဒီအခိုက်အတန့်လေးတွေက ကျွန်တော့်ဘဝမှာ အမြဲတမ်း အမှတ်ရနေမိမှာပဲ။

ဒီနေ့ ဇူလိုင် (၂၄) မှာ ကျွန်တော့်တို့ ချစ်သူသက်တမ်း (၂) နှစ်ပြည့်ခဲ့ပြီ။ အသက်တစ်ရာမနေရပေမယ့် ကျန်ရှိနေသေးတဲ့ လူ့သက်တမ်းမှာ သူမအသက်ရှင်နေသ၍ အနားမှာနေပြီး အရာရာဖြည့်စဆည်းပေးချင်ပါသေးတယ်။

Show Comments