သူမနဲ့ Anniversary

Happy Anniversary ပါ ခိုင်

April 1st က လူတော်တော်များများအတွက် April Fool's Day ဆိုပေမယ့် ကျွန်တော့်တို့နှစ်ယောက်အတွက်ကတော့ အမြဲတမ်းအမှတ်တရရှိနေမယ့် နေလေးတစ်ရက်ဆိုလည်းမမှားဘူးပေါ့။

မနှစ်က ဒီအချိန် နှစ်ယောက်သား တရားသူကြီးမျက်မှောက်မှာ လတ်မှတ်ရေးထိုးပြီး တရားဝင် အကြင်လင်မယားဖြစ်ခဲ့ကြတယ်။ အားလုံးက မနေ့တနေ့ကလိုပဲ။ အဲ့ဒီနေ့က အရမ်းလှနေတဲ့ သူမကို အခုအချိန်ထိ မျက်လုံးထဲကမထွက်သေးဘူး။ ဒီတစ်နှစ်အတောအတွင်းမှာ အတူတူရယ်ခဲ့၊ အတူတူငိုခဲ့နဲ့ အမှတ်ရစရာတွေအများကြီး ရှိခဲ့တယ်။ အဲ့ဒီအရာတွေအားလုံးကို အမြဲသတိရနေပြီးတော့ ဆက်ပြီး ချစ်သွားပေးမယ်။ ကျွန်တော့်ကိုလည်း ပိုချစ်ပေးပါ။

တစ်နှစ်တော့ပြီးသွားပြီ၊ နောက်နှစ်ပေါင်းများစွာတိုင်အောင် အတူတူကျော်ဖြတ်ကြမယ်နော်

Happy Anniversary ပါ ခိုင်

Mastodon