သူမနဲ့ Valentine

သူမနဲ့ Valentine

မနှစ်က ဒီအချိန်မတိုင်ခင်ကတော့ February 14 ဟာ ကျွန်တော့်အတွက် ချစ်သူများနေ့ သက်သက်ပဲ။ အခုတော့ ဘဝတစ်ခုလုံး အမြဲတမ်းအမှတ်ရနေမယ့် နေ့လေးတစ်နေ့ဖြစ်နေခဲ့ပြီ။ ကျွန်တော် လက်ထပ်ခွင့်တောင်းတာကို ရှက်သွေးဖျာပြီး သူမ ခေါင်းငြိမ့်ခဲ့တဲ့နေ့လေးပေါ့။

ဒီနှစ်တော့ တစ်ကိုယ်တော် Valentine ဖြစ်နေရပေမယ့် နောင်နှစ်တွေမှာတော့ အမြဲအတူတူ ဖြတ်သန်းခွင့်ရချင်တယ်။ အရင်လိုမျိုး ဘေးနားမှာရှိနေပြီး အစစ အရာရာ ဂရုစိုက်ပေးချင်တယ်။ သူမရဲ့ အပြုံးမြင်ရတာနဲ့တင် အရာအားလုံးက ပင်ပန်းရကြိုးနပ်ပါတယ်။

ကလေးတစ်ယောက်လို နွဲ့ဆိုးတတ်သလို လူကြီးတစ်ယောက်လိုလည်း အမြဲ ရှင်းပြ လမ်းညွှန်ပေးတာလေးတွေ အတွက်ကျေးဇူးပါ။ ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ပေမယ့် သူမအတွက်တော့ အကောင်းဆုံးသူတစ်ယောက်ဖြစ်နေအောင် ဆက်ပြီးတော့ ကြိုးစားနေအုံးမှာပါ။ ပြန်တွေ့ရမယ့်ရက်တွေကို လက်ချိုးပြီးတော့ ရေတွက်ရင်း အိမ်မက်တွေကို အတူတူအကောင်အထည်ဆက်ဖော်ကြရအောင်နော်။

လွမ်းတယ်... ခိုင်

ပြီးတော့ အရမ်းချစ်တယ်

Show Comments
Mastodon