ကျွန်တော့် ၂၀၂၀

ကျွန်တော့် ၂၀၂၀

၂၀၂၀ စာအုပ်တွေပိုပြီးတော့ ဖတ်ဖြစ်လာတယ်။ Kalimba ကိုလည်း အနည်းငယ်တော့ တီးတတ်လာခဲ့တယ်။ Piano ဖက်ကိုလှည့်ချင်ပေမယ့် ၂၀၂၁ ရောက်မှပဲ စတော့မယ်လို့  ဆုံးဖြတ်ထားတယ်။ ပုံပြန်ဆွဲချင်ပေမယ့် iPad Pro အသစ်ထွက်လာမှာသိနေတော့ စောင့်နေတုန်းပဲ။ Playstation 5 ကလည်း အကုန် out-of-stock ဆိုတော့ တူတူပဲ ပြောရမယ်။ ပြောမယ့်သာပြောရသာ နောက်ပိုင်း console game တွေက သိပ်ပြီးတောင် မဆော့ဖြစ်တော့ဘူး။

၁၉၉၈ ကတည်းက အားပေးလာခဲ့တဲ့ Liverpool လည်း သူတို့ အနှစ်သုံးဆယ်စောင့်ခဲ့ရတဲ့ Premier League ဖလားကိုရသွားခဲ့တယ်။ ပြီးတော့ World of Warcraft ဆော့လာခဲ့တဲ့ သက်တမ်းတစ်လျှောက်အလိုချင်ဆုံးဖြစ်ခဲ့တဲ့ Cutting Edge Achievement ကိုလည်း သူငယ်ချင်းတွေနဲ့အတူတူရခဲ့တယ်။

အခု December မှာ New Year resolution ဆိုတာထက် Future resolution ဆိုတာကို လုပ်ဖြစ်ခဲ့တယ်။​ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ အလုပ်နဲ့ ဂိမ်းနဲ့ပဲ လူက စိတ်တွေအရမ်းများနေခဲ့တယ်။ Self-Love Self-Care အားနည်းနေတယ်လို့ မြင်မိတယ်။ လူဆိုတာ တစ်ချိန်ကျရင် အရိုးပြာဖြစ်သွားကြမှာပဲလေ။ ဘာလို့လူဘဝ တိုတိုလေးမှာ စိတ်ညစ်စရာတွေနဲ့ နေနေမှာလဲ။ ကိုယ်ပျော်ရွှင်နေဖို့က အရေးအကြီးဆုံးပဲ မဟုတ်ဘူးလား

Photo by Danielle MacInnes on Unsplash

Show Comments
Mastodon