အရင်ဆုံး ghost cli ကို update လုပ်ခိုင်းပါလိမ့်မယ်။
npm i -g ghost-cli@latest
ရပြီးဆိုရင် ghost update လုပ်ပါ။ ကျွန်တော့်လိုမျိုး DigitalOcean ကနေ one-click install လုပ်ထားတဲ့သူတွေအနေနဲ့ အဲ့မှာ ပြဿနာ စ တတ်တာပဲ။ DigitalOcean က root user အနေနဲ့ install လုပ်ပေးလိုက်တော့ အခု latest cli မှာ regular account တစ်ခုလုပ်ခိုင်းပြီး root user ကနေ migrate အရင်လုပ်ခိုင်းတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်က link မှာ သေသေချာချာ ရှင်းပြထားတယ်။ သူပြောတဲ့အတိုင်း အဆင့်ဆင့်သာလုပ်သွားလိုက်၊ ပြီးတာနဲ့ ghost update လုပ်လို့ရပြီ။
A guide to getting your site updated to Ghost 2.0.0
ဒါပေမယ့် ကိုယ်လက်ရှိသုံးနေတဲ့ ghost version က v1 ရဲ့ latest version မဟုတ်ရင် v2 ကို migrate တန်း လုပ်လို့မရဘူး။ အဲ့တော့ ghost ကို latest v1 အထိ update လုပ်ဖို့လိုတယ်။
ghost update --v1
V1 အထိ update ဖြစ်သွားပြီဆိုရင် တော့ v2 ကို migrate လုပ်လို့ရပြီ။
ghost update
မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာ သူ့ဟာသူ ပြီးသွားပါလိမ့်မယ်။
အဲ့ဒီအဆင့်တွေထဲမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေရှိတယ်။ Folder permission တွေ၊ ghost process stop လို့မရတာတွေ၊ start မရတာတွေ ဖြစ်နိုင်တယ်။ Permission အတွက်က ကိုယ်လက်ရှိသုံးနေတဲ့ user account က ရှိနေတဲ့ ghost folder တွေရဲ့ owner ဖြစ်ဖို့လိုတယ်။ Process stop မရတာဆိုရင် အောက်က အတိုင်း process kill လိုက်ပါ။
အရင်ဆုံး လက်ရှိ run နေတဲ့ process list ကိုထုတ်လိုက်ပါ.
ps -A
အဲ့ဒါမှာ ghost run
ဆိုတဲ့ CMD ကိုရှာပါ၊ PID ကိုတွေ့ပါလိမ့်မယ်။ အဲ့ဒါကို kill လိုက်ပါ။
kill -9 PID
ပြန်စတဲ့အချိန်မှာလည်း အကယ်လို့ node process တစ်ခုက run နေလို့ ပြန်စမရဘူးဆိုရင် ဘယ် port မှာ ပြဿနာ တတ်နေလဲဆိုတာ ghost-cli မှာ ပြောလိမ့်မယ်။
sudo lsof -i :PORT
အဲ့မှာ run နေတာကို အပေါ်ကလိုပဲ PID kill လုပ်လိုက်ပါ။
kill -9 PID
ပြီးရင်တော့ ghost directory ထဲပြန်ဝင်ပြီး cli နဲ့ ghost start ဆိုရင် v2 ကို အားလုံး migrate လုပ်ပြီးသွားပါပြီ။ ပုံမှန်အတိုင်းဆိုင်ရင် ၁၀ မိနစ်တောင် မကြာပါဘူး။ beta ကတည်းက one-click install လုပ်ထားခဲ့တဲ့သူတွေမှာကတော့ ကျွန်တော့်လို ပြဿနာတွေ ဖြစ်နိုင်ပါတယ်။