Are You Prepared for Legion?

Are You Prepared for Legion?

သင် Legion အတွက် ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ?

YOU ARE NOT PREPARED!

Illidan

ကိုယ်အဓိကထား ကစားမယ့် character ကို ရွေးချယ်ထားပါ။

Legion မှာ အသစ်ပါလာမည့် Demon Hunter ကို အများအားဖြင့်ကတော့ စမ်းဆော့ကြည့်ကြမှာပါပဲ။ WotLK တုန်းက Death Knight, MoP တုန်းက Monk တွေအသီးသီးများလာခဲ့သလိုမျိုး Demon Hunter အများကြီးရှိလာနိုင်မလားဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူးလို့ ထင်တယ်။ Ashbringer, Doomhammer တို့လို artifacts တွေကြောင့် ကစားတဲ့သူတွေအနေနဲ့ မိမိနဲ့ နှစ်ကာလများစွာ အတူတူရှိခဲ့တဲ့ class ကိုပဲဆက်ဆော့ကြမယ့် လူတွေလည်း ရှိကြပါတယ်။ အဲ့ဒီ arifacts တွေကြောင့် alt ကစားဖို့အချိန်ရှိဖို့ ခဲယဉ်းသွားမှာဖြစ်တဲ့အတွက်ကြောင့် ကိုယ်သေသေချာချာ ကစားမယ့် class ကို အခုကတည်းက စဉ်းစားထားသင့်ပါပြီ။

Specialization ကော ရွေးချယ်ပြီးပြီလား?

Artifacts တွေက Class specializatation အပေါ်မူတည်ပြီးတော့လည်း ကွဲပြားမှာ ဖြစ်တဲ့အတွက်ကြောင့် သင်က Tank လား၊ Damage Dealer လား၊ Healer တစ်ယောက်လား? ကိုယ့်နှစ်သက်တဲ့ ကစားပုံပေါ်မူတည်ပြီး ရွေးချယ်ထားဖို့လိုပါလိမ့်မယ်။ Legion မှာ spell တွေ talent တွေ ပြောင်းလဲမူအများကြီး ရှိတဲ့အပြင် Artifact Weapon Spell တွေကလည်း ပိုပြီးလေ့လာရတော့မှာပါ။

Class Hall

Guild ရဲ့ အဓိက နေရာမှာ ရှိနေပါစေ

WoW ရဲ့ အကောင်းဆုံးအချက်တွေထဲက တစ်ခုဖြစ်တဲ့ Dungeons/Raids တွေက တခြား MMORPG တွေထက် ပိုပြီးတော့ သာလွန်ကောင်းမွန်တယ် ဆိုတာပါပဲ။ အကယ်၍ သင်က Progression boss-fights တွေ စိတ်ဝင်စားတယ်ဆိုရင်တော့ Guild ကောင်းကောင်းတစ်ခုမှာ ရှိနေဖို့ လိုအပ်ပါမယ်။ သို့ပေမယ့် တစ်ချို့ raid တွေက raid အရွယ်အစား အကန့်အသတ်ရှိတာကြောင့် အကယ်၍ သင်ကသာ Guild ရဲ့ အရေးကြီး player တစ်ယောက်ဖြစ်နေမယ်ဆိုရင် သင်အနေနဲ့ raid လိုက်ရှာနေစရာ မလိုတော့ပါဘူး။

Gold Farming!

Draenor က WoW expansion တွေအားလုံးထဲမှာ Gold ရှာရ အလွယ်ဆုံး expansion တစ်ခုပါ။ Legion မှာ ဘယ်လိုမျိုး gold တွေ အသုံးပြုရမလဲမသိတဲ့အတွက် အခုကတည်းက အိုစာမင်းစာ ကြိုရှာထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Show Comments
Mastodon