So, I went back to Eorzea

So, I went back to Eorzea

World of Warcraft ကို ဆော့ရတာ တဖြည်းဖြည်းနဲ့ ပျင်းဖို့ကောင်းလာတာနဲ့ နောက် raid မလာခင်အထိ တခြား MMO တွေကို အပျင်းပြေ ပြောင်းဆော့ကြည့်မယ့်ဆိုပြီး AION, Black Desert Online, TERA နဲ့ တခြားအသစ်တွေပါ ဆော့ဖြစ်ခဲ့တယ်။ ဒါပေမယ့် Gameplay ပိုင်းကို မကြိုက်တာနဲ့ ၂-၃ ရက်နဲ့တင် ငြီးငွေ့ပြီး မဆော့ဖြစ်တော့ဘူး။ အဲ့ဒါနဲ့ သူငယ်ချင်းတွေက သူတို့ Final Fantasy XIV Online ပြန်ဆော့ကြမယ်ဆိုပြီး ပြောတာနဲ့ နောက်ဆုံး FFXIV ကို ပြန်ဆော့ဖြစ်သွားတယ်။

Stormblood
Champion of Light (player) and vs Lyse

မှတ်မှတ်ရရ နောက်ဆုံးဆော့ခဲ့တာ Stormblood expansion ထွက်ထွက်ပြီးချင်း Samurai questline စလုပ်ခါစပဲ ရှိပါသေးတယ်ဆိုတော့ ၂ နှစ်နီးပါးလောက်ရှိတယ်။ Main Story Questline (MSQ) တောင်မယူရသေးဘူး။ အခုဆို နောက် expansion ဖြစ်တဲ့ Shadowbringers တောင်ထွက်ဖို့ နှစ်လလောက်ပဲ လိုတော့တယ်။ ထုံးစံအတိုင်း MSQ ကို ဆက်လုပ်ရတာပေါ့။ ပြောရမယ်ဆိုရင် FFXIV ကို ကြိုက်ရတဲ့အကြောင်းအရင်းက ဇာတ်လမ်းပြောသွားတဲ့ questline ပုံစံပဲ။ တခြား MMO တွေလိုမျိုးမဟုတ်ဘူး။ ဘယ်လိုကွာသလဲဆိုတော့ သေချာမပြောပြတတ်ဘူး။ ဒါပေမယ့် MMO တွေဆော့ဖူးတဲ့သူတွေဆိုရင် သိပါတယ်။ World of Warcraft မှာဆိုရင် Main quest ဆိုပေမယ့် တခြား side quest တွေလိုပဲ။ သိပ်ပြီးတော့ ထူးထူးခြားခြားဖြစ်နေတယ်ဆိုတာ ရှားတယ်။ FFXIV ကတော့ အဲ့လိုမဟုတ်ဘူး၊ ဆော့နေရင်းနဲ့ နောက်ဘာဆက်ဖြစ်မလဲ ဘာဆက်ဖြစ်ကြမလဲဆိုတာကို စဉ်းစားရင်းနဲ့ ဇာတ်လမ်းတွဲတွေ ကြည့်ရလိုမျိုး feeling ကိုရတယ်။ အရင် A Realm Reborn နဲ့ Heavensword expansion တွေမှာတုန်းထက်ကို Stormblood မှာပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာတာကို တွေ့ရတယ်။ NPC ဆိုပေမယ့် တစ်ယောက်ချင်းစီအတွက် character improvement တွေလုပ်ထားတယ်။ Heavensword မှာတုန်းက Wow: Legion ကို မယှဉ်နိုင်ပေမယ့် အခု Stormblood က လက်ရှိ Battle for Azeroth ထက်အများကြီးသာတယ်။ အခုလာမယ့် Shadowbringers ရဲ့ changes တွေက ပိုပြီးတော့တောင် ကောင်းနေသေးတယ်။

နောက်ကြိုက်မိတဲ့အချက်က Job system ပဲ။ တခြား MMO တွေမှာဆိုရင် ကိုယ်က Tank ဆော့ရတာပျင်းလာပြီ တခြား class တွေပြောင်းဆော့ချင်တယ်ဆိုရင် character creation ကနေပြီးတော့ အစအဆုံး story quest တွေကို ပြန်လုပ်ပဲ။ အဲ့မှာ FFXIV က သာတာ။ သူက class လို့မသုံးဘူး။ Job လို့သုံးတယ်။ မြန်မာလိုပြောရင် အလုပ်ပေါ့။ ကိုယ်က ဒီ အလုပ်လုပ်ရတာ မကြိုက်ရင် နောက် အလုပ်ပြောင်းလုပ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ။ Job ရဲ့အားသာချက်က Job တစ်ခုချင်းစီအတွက်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတွေပါသလို Job ရဲ့ General Skill တွေကိုလည်း တခြား Job တွေနဲ့ share လုပ်လို့ရတယ်။ တခြား character အသစ်တကောင်ထပ်လုပ်ပြီးတော့ လုပ်ခဲ့တဲ့ Quest တွေကို အစအဆုံး ပြန်လုပ်အုံးဆိုရင် တော်တော်ပျင်းဖို့ကောင်းပါတယ်။ WoW မှာ alt toon တွေ မဆော့ချင်တော့တာလဲ အဲ့ဒါတွေကြောင့်ပဲ။

Global Cooldown (GCD) က ပြောရမယ်ဆိုရင် FFXIV ရဲ့ ပြဿနာတစ်ခု ဖြစ်ခဲ့တယ်။ ARR မှာတုန်းက လူတော်တော်များများဆက်မဆော့ဖြစ်တော့တာ သူ့ရဲ့ GCD က အရမ်းကြာတယ်။ အခုကော မကြာဘူးလားဆိုတော့ ကြာပါတယ်။ ဒါပေမယ့် သူတို့ improve လုပ်ထားတဲ့ပုံက မိုက်တယ်။ GCD share နဲ့ skill နဲ့ GCD မ share တဲ့ skill တွေရှိလာပြီ။ ပြောရမယ်ဆိုရင် cooldown လည်နေတဲ့အချိန် စက္ကန့်အနည်းငယ်အတွင်းမှာ အရင်တုန်းကလို စောင့်နေစရာမလိုတော့ပဲ တခြား အသုံးဝင်တဲ့ skill တွေပါလာတာပါ။ ဒါပေမယ့်လည်း အဲ့လိုမျိုးအတွက်ဆိုရင် maximum level ရောက်ဆိုတော့ လိုပါတယ်။ ဒါမှလည်း Skill စုံမှာပေါ့။

Dancer
New race Viera and new class Dancer introduced for Shadowbringers

ပြောရမယ်ဆိုရင် World of Warcraft ရဲ့ ပြောင်းလဲလာတဲ့ Gameplay ကြောင့် player တော်တော်များများ စွန့်ခွာလာတဲ့အချိန် Final Fantasy XIV က တဖြည်းဖြည်းနဲ့ ကောင်းလာနေတယ်ဆိုတော့ နောင် နှစ်အနည်းငယ်အတွင်း WoW ရဲ့ Best MMORPG နေရာကို ရယူသွားမှာ သေချာတယ်။ လက်ရှိဆော့နေတဲ့ player တွေကလည်း World of Warcraft ရဲ့ raiding experience ကို ကြိုက်ကြလို့။ အခုက boring experience နဲ့ unbalance ဖြစ်နေတဲ့ classes တွေ။ Revamp လုပ်တယ်ဆိုပြီး number tuning ပဲလုပ်ထားတဲ့ ပြဿနာတွေ။ အကယ်၍ Blizzard အနေနဲ့ နောက် expansion မှာ playerbase ကိုပြန်ရအောင် မယူနိုင်ဘူးဆိုရင် dead game တစ်ခု ဖြစ်သွားမှာကတော့ မြင်ယောင်နေပါသေးတယ်။

Show Comments
Mastodon